အာဖဂန်အစိုးရအဖွဲ့တွင်အဖွဲ့အစည်းအားလုံးပါဝင်ရန်ကုလလုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင်နိုင်ငံများလိုလား
အာဖဂန်အစိုးရအဖွဲ့တွင် အဖွဲ့အစည်းအားလုံး ပါဝင်စေရန် ကုလလုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ လိုလား
တာလီဘန်က နိုင်ငံကို စစ်ရေးနည်းနဲ့ သိမ်းပိုင်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ အာဖဂန်နစ္စတန်အစိုးရအဖွဲ့မှာ အဖွဲ့အစည်းအားလုံး ပိုမိုပါဝင်စေရန် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တာလီဘန်ကို ဖိအားပေးလိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောကြားခြင်းနဲ့အတူ စက်တင်ဘာ ၂၂ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံက အာဖဂန်နစ္စတန်အရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ရရှိခဲ့ပါတယ်။