ဆံသဆိုင်များတွင် မုတ်ဆိတ်ရိတ်ပေးခြင်းကို တာလီဘန်အဖွဲ့တားမြစ်ခဲ့ပြီး မလိုက်နာလျှင် အပြစ်ပေးမည်
အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်းပြည်နယ်မှာရှိတဲ့ ဆံပင်ညှပ်ဆိုင်တွေမှာ မုတ်ဆိတ်ရိတ်ပေးတာမလုပ်ဖို့ တာလီဘန်တွေက တားမြစ်ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အဲဒီလိုရိတ်တာဟာ အစ္စလာမ်မစ်ဥပဒေကိုချိုးဖောက်တာဖြစ်လို့ မလိုက်နာတဲ့ သူကို အပြစ်ပေးမယ်လို့ တာလီဘန်ဘာသာရေးဆိုင်ရာရဲတပ်ဖွဲ့က သတိပေးခဲ့တာဖြစ်ပါတယ်။