COVID-19 ကူးစက်မှုနှုန်း ကျဆင်းသည့် သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့တွင် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်းများ ရုပ်သိမ်းရန်စီစဉ်
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လျော့ကျသွားတာကြောင့် COVID-19 ကာကွယ်ဆေးထိုးနှံပြီးတဲ့ ဆစ်ဒနီမြို့ခံများကို အောက်တိုဘာလလယ်အထိ ကာလကြာရှည် ချမှတ်ထားတဲ့ ကပ်ရောဂါဆိုင်ရာ Lockdown စည်းမျဉ်းများမှ ရုပ်သိမ်းမှုအပါအဝင် အဆင့်သုံးဆင့်ပါဝင်တဲ့ လွတ်လပ်မှုဆိုင်ရာ အသေးစိတ် အစီအစဉ် တစ်ရပ်ကို သြစတြေးလျ တာဝန်ရှိသူများက စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။