မြဝတီ-ကေ့ာကရိတ်အာရှလမ်းဘေးရှိ တောနော်ရေတံခွန်တွင် ပေ၂၀၀ ကျော်အမြင့်သို့တက်ပြီး ဓာတ်ပုံရိုက်သည့် အမျိုးသမီးနှစ်ဦး ပြုတ်ကျသေဆုံး
မြဝတီ- ကော့ကရိတ် အာရှလမ်းဘေးမှာရှိတဲ့ တောနော်ရေတံခွန်မှာ ရေချိုးအိုင်ကနေ ပေ ၂၀၀ ကျော်အမြင့်သို့ တက်ပြီး ဓာတ်ပုံရိုက်တဲ့ အမျိုးသမီးနှစ်ဦး ခြေချော်ပြုတ်ကျကာ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တစ်ခု ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။