စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်လေးမြို့နယ်၌ တစ်ပတ်ခန့်အတွင်း ရေကျောက်ရောဂါဖြစ်ပွားသူ ၁၆၀ ကျော်အထိ ရှိခဲ့ပြီး ရောဂါ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်လေးမြို့နယ်မှာ တစ်ပတ်ခန့်အတွင်း ရေကျောက်ရောဂါဖြစ်ပွားသူ ၁၆၈ ယောက် အထိ ရှိခဲ့ပြီး လက်ရှိမှာ ရောဂါထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အထူးရောဂါနှိမ်နင်းရေး နှင့် တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေရဲ့ ပြောကြားချက်အရ သိရပါတယ်။