Covid – 19 တွေ့ရှိမှု များပြားသောကြောင့် မိုးကုတ်မြို့နယ် ပန်းမအထက်ဘုန်းတော်ကြီးကျောင်းကို အသွားအလာကန့်သတ်
Covid - 19 ရောဂါ ဓါတ်ခွဲအတည်ပြုသံဃာ များပြားလာတာကြောင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင် ကျေးရွာအုပ်စု၊ ပန်းမကျေးရွာမှာရှိတဲ့ ပန်းမအထက်ဘုန်းတော်ကြီးကျောင်းကို အသွားအလာကန့်သတ်ထားတယ်လို့ မိုးကုတ်မြို့ နယ် Covid -19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေသိရပါတယ်။