ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်

ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်
Published 2 October 2021

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန် ပြည်ပမှ မြန်မာသို့ လာရောက်မည့် ခရီးသွားများပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာအစီအမံများအားလုံးကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း COVID-19 ကာကွယ်၊ထိန်းချုပ်ကုသရေးဗဟိုကော်မတီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။