၂၀၂၂ ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် သမီးဖြစ်သူ ဝင်ပြိုင်မည်ဖြစ်ကြောင်း ဒူတာတေး ပြောကြား
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးရဲ့ သမီးဖြစ်သူ ဆာရာဒူတာတေးကာပီယိုဟာ လာမယ့်နှစ် ရွေးကောက်ပွဲမှာ သမ္မတ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သမ္မတဒူတာတေးရဲ့ ကာလရှည်လက်ထောက်ဖြစ်သူက ဒုသမ္မတနေရာအတွက်ဝင်ပြိုင်သွားမယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ABS-CBN က အောက်တိုဘာ ၂ ရက်နေ့နှောင်းပိုင်းမှာဖော်ပြခဲ့ ပါတယ်။