အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် COVID-19 ရောဂါဖြစ်ပွားမှု အမှတ်စဉ်(၆) နှင့်သေဆုံးမှု အမှတ်စဉ်(၅)နေရာတွင်ရှိ

အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် COVID-19 ရောဂါဖြစ်ပွားမှု အမှတ်စဉ်(၆) နှင့်သေဆုံးမှု အမှတ်စဉ်(၅)နေရာတွင်ရှိ
Published 7 October 2021

COVID-19 ရောဂါ ဖြစ်ပွားမှု တတိယလှိုင်းတွင် အခြားကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၌ ဒယ်လ်တာမျိုးဗီဇပြောင်းရော ဂါပိုးကြောင့် ရောဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှု နှုန်း မြင့်မားခဲ့သော်လည်း လက်ရှိတွင် ရော ဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုနှုန်း သိသာစွာကျဆင်းလျက်ရှိရာ အာဆီယံနိုင်ငံများနှင့်နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံသည် COVID-19 ရောဂါဖြစ်ပွားမှုအနေဖြင့် အမှတ်စဉ် (၆)၊ သေဆုံးမှုအနေဖြင့် အမှတ်စဉ် (၅) နေရာ တွင် ရှိကြောင်း အောက်တိုဘာ ၅ ရက်က GAVI Covax Facility က ကျန်းမာရေး ဝန်ကြီးဌာနသို့ COVID-19 ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ပူးတွဲဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေနှင့် ပတ် သက်၍ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်၊