အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တပ်မတော်ခေါင်းဆောင်ကို မဖိတ်ရန် အဖွဲ့ဝင်နိုင်ငံများ ချိန်ဆနေသည်ဟု အာဆီယံ အထူးကိုယ်စားလှယ် ပြောကြား
ယခုလ နှောင်းပိုင်းတွင် ပြုလုပ်မည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးတွင် မြန်မာ့တပ်မတော် ခေါင်းဆောင်ကို ဖိတ်ကြားခြင်းမပြုရန် အဖွဲ့ဝင်နိုင်ငံများက ချိန်ဆနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့ပါတယ်၊