ပညာရေးဝန်ကြီးဌာနအောက်ရှိ အဆင့်မြင့်ပညာကျောင်း ၁၃၄ ကျောင်းမှ ဆရာ ဆရာမ ၈၂ ဒသမ ၁၄ ရာခိုင်နှုန်း ကျောင်းတစ်ကျောင်းတည်းတွင်သာ အတည်တကျ တာဝန်ထမ်းဆောင်လိုကြောင်း သိရ (ရုပ်သံ)
အမျိုးသားပညာရေး မူဝါဒကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ မှ အောက်တိုဘာ ၉ ရက် ခြောက်လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့ရာမှာ အဆင့်မြင့်ပညာကျောင်း တစ်ရာကျော်က ဆရာ ဆရာမ တွေကို သုတေသနစစ်တမ်း ကောက်ယူခဲ့ရာမှာ ရာခိုင်နှုန်း ၈၀ ကျော်ဟာ ကျောင်းတစ်ကျောင်းထဲမှာပဲ အတည်တကျ တာဝန် ထမ်းဆောင်လိုတယ်လို့ ပြောခဲ့ကြတာဖြစ်ပါတယ်။