အာဖဂန်နစ္စတန်ကို လူသားချင်း စာနာမှုဆိုင်ရာအကူအညီ ပေးမည်ဖြစ်သော်လည်း တာလီဘန်အစိုးရအဖွဲ့ကို အသိအမှတ်ပြုမည် မဟုတ်ဟု အမေရိကန် ပြောကြား
စီးပွားရေးဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်ပွားလုဆဲ အနေအထားတွင် အလွန်အမင်း ဆင်းရဲနေသော အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးရန် သဘောတူခဲ့ပေမယ့် အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အစိုးရအဖွဲ့သစ်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့တယ်လို့ အောက်တိုဘာ ၁၀ ရက်မှာ တာလီဘန်အဖွဲ့က ပြောကြားခဲ့ပါတယ်။