အုတ်တွင်းမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး

အုတ်တွင်းမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး
Published 12 October 2021

အုတ်တွင်းမြို့တွင် နာရေးအိမ်ရှိ ဂေါက်ဂက်ဝိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့ ကြက်သွန်ခင်း(၂) ရပ်ကွက်၊ ဦးဝင်းဖေလမ်းနေ နာရေးအိမ်တစ်ခုရှိ ဂေါက်ဂတ်ဝိုင်းကို အောက်တိုဘာ ၁၁ ရက် ည ၆ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။