အာဆီယံကိုယ်စားလှယ်နှင့် လက်တွဲရန် နည်းလမ်းရှာနေကြောင်း PPST အဖွဲ့ခေါင်းဆောင် ပြော

အာဆီယံကိုယ်စားလှယ်နှင့် လက်တွဲရန် နည်းလမ်းရှာနေကြောင်း PPST အဖွဲ့ခေါင်းဆောင် ပြော
Published 12 October 2021

နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရန် အာဆီယံအထူးကိုယ်စားလှယ်နှင့် လက်တွဲဆောင်ရွက်ရန် နည်းလမ်းရှာဖွေနေကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ်နဲ့ လက်တွဲဆောင်ရွက်ဖို့ နည်းလမ်းရှာဖွေ ညှိနှိုင်းနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ပြောကြားပါတယ်။