သမ္မတဦးဝင်းမြင့်၏ တရားရုံး ထွက်ဆိုချက်အပေါ် မဝေဖန်လိုကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

သမ္မတဦးဝင်းမြင့်၏ တရားရုံး ထွက်ဆိုချက်အပေါ် မဝေဖန်လိုကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 15 October 2021

ဖမ်းဆီးခံရစဉ်က တာဝန်မှ နုတ်ထွက်ခိုင်းခံရသည်ဟု သမ္မတဦးဝင်းမြင့်၏ တရားရုံး ထွက်ဆိုချက်အပေါ် ၎င်း၏ တရားရုံးတွင်ရှိသော အခွင့်အရေးသာဖြစ်ပြီး မည်သို့မျှ မဝေဖန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီးထိန်းသိမ်းခံရစဉ်က ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်ပေးရန် ပြောဆိုခဲ့သော သမ္မတ ဦးဝင်းမြင့်၏ တရားရုံးထွက်ဆိုချက်နှင့် ပတ်သက်၍ မည်သို့မျှ မဝေဖန်လိုဘဲ ၎င်း၏ တရားရုံးတွင်ရှိသော အခွင့်အရေးသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။