အမေရိကန်နှင့် ဆက်ဆံရေးများသည် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရဟု ရုရှား သတိပေး
အမေရိကန်နှင့် ရုရှားအကြား သံရုံးဝန်ထမ်း အရေအတွက် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများသည် အကျိုးရလဒ် တစ်စုံတစ်ရာ မထွက်ပေါ်ခဲ့မှုနှင့်အတူ ၎င်းတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးများသည် အနှောင့်အယှက်အသစ်များ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ရုရှားက အောက်တိုဘာလ ၁၂ ရက်တွင် သတိပေးခဲ့ပါတယ်။