ကူးစက်မှုများ မကျသေးသည့်ကြားမှ မဲလ်ဘုန်းမြို့ကို လော့ဒေါင်းအောက်မှ ရုန်းထွက်ရန် ပြင်နေ
နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ စံချိန်တင်များနေသည့်ကြားမှ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၏ လချီကြာ Lockdown ကို ဖယ်ရှားတော့မည်ဟု ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်ဒန်နီ ယယ်အန်ဒရူးစ်၏ အောက်တိုဘာ ၁၄ ရက်အဆိုအရ သိရပါတယ်။