Covid – 19 ၏ ဇာစ်မြစ်ကို ထပ်မံစုံစမ်းစစ်ဆေးမည့် WHO ၏အစီအစဉ်သည် နိုင်ငံရေးအရကြိုးကိုင်ခြယ်လှယ်ခြင်းဖြစ်နိုင်ဟု တရုတ် သတိပေး
ကိုရိုနာဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမှုတွေထပ်မံပြုလုပ်လိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အစီအစဉ်ဟာ နိုင်ငံရေးအရ ကြိုးကိုင်ခြယ်လှယ်တာဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်က သတိပေးခဲ့ ပြီး တရုတ်အနေဖြင့် WHO ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။