ပျဉ်းမနားမြို့ မြဝတီဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ မြဝတီဘဏ်မှာ အောက်တိုဘာ ၁၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိလ္လာကန်အနီး ရေပိုက် ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။