အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားမည်မဟုတ်ကြောင်း ဘရူနိုင်းနိုင်ငံက အတည်ပြု

အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားမည်မဟုတ်ကြောင်း ဘရူနိုင်းနိုင်ငံက အတည်ပြု
Published 16 October 2021

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားမည် မဟုတ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အတည်ပြုဟု ရိုက်တာတွင်ဖော်ပြ

ယခုလအတွင်း ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ မြန်မာနိုင်ငံမှ နိုင်ငံရေးမဆန်သည့် ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ဘရူနိုင်းနိုင်ငံက အောက်တိုဘာ ၁၆ ရက်မှာ ပြောကြားပါတယ်။