အလုပ်သမား ၄၀၀ ဦး တာချီလိတ်မြို့သို့ မိမိဆန္ဒအလျောက် ထပ်မံဝင်ရောက်လာ

အလုပ်သမား ၄၀၀ ဦး တာချီလိတ်မြို့သို့ မိမိဆန္ဒအလျောက် ထပ်မံဝင်ရောက်လာ
Published 17 October 2021

COVID-19 ကာလ အလုပ်အကိုင်အခက်အခဲများကြောင့် လာအိုနိုင်ငံမှ မြန်မာရွှေပြောင်းအလုပ်သမား ၄၀၀ ဦး တာချီလိတ်မြို့သို့ မိမိဆန္ဒအလျောက် ထပ်မံဝင်ရောက်လာ

လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ် ရွှေတြိဂံအထူးစီးပွားရေးဇုံတွင် အလုပ်သွားရောက် လုပ်ကိုင်ပြီး COVID-19 ကပ်ရောဂါကာလအတွင်း အလုံးစုံ အခက်အခဲများ ဖြစ်ပေါ်လာမှုကြောင့် ‌မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂၄၉ ဦး အမျိုးသမီး ၁၅၁ စုစုပေါင်း ၄၀၀ ဦး အောက်တိုဘာလ ၁၆ ရက် နံနက် ၁၀ နာရီအချိန် ခန့်က တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်လာတယ်လို့ သိရပါတယ်။