မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် စကုမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ဆင်ဖြူကျွန်းမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နစ်မြုပ်
မကွေးတိုင်းဒေသကြီးအတွင်း ၄ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် စကုမြို့ ပြည်သူ့ဆေးရုံကြီးမှာ အောက်တိုဘာ ၁၇ ရက်နေ့နဲ့ ဆင်ဖြူကျွန်းမြို့ အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များအတွင်းမှာ အောက်တိုဘာ ၁၈ ရက်က ရေလျှံဝင်ရောက်ခဲ့ပါတယ်။