ပုဒ်မ ၅၀၅-က အရ အရေးယူခံထားရသည့် အနုပညာရှင် ၂၄ ဦးနှင့် လူမှုကွန်ရက်မှာ လူသိများသူ ၁၀ ဦးတို့ရဲ့အမှုများကို ပိတ်သိမ်း
ဆန္ဒပြစဉ်ပါဝင်ခြင်း၊ လူမှုကွန်ရက်ကို အသုံးပြုဆန့်ကျင်လှုံ့ဆော်မှုတွေပြုလုပ်ခဲ့တာတွေကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အရ အရေးယူခံထားရတဲ့ အနုပညာရှင် ၂၄ ဦးနဲ့ လူမှုကွန်ရက်မှာ လူသိများသူ ၁၀ ဦးတို့ရဲ့အမှုတွေကို ပိတ်သိမ်းကြောင်း အောက်တိုဘာ ၁၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။