အောက်တိုဘာ ၁၉ ရက် နံနက်ခင်း သတင်းအစီအစဉ်
■အာဆီယံ အထူးကိုယ်စားလှယ်၏ တောင်းဆိုမှုများတွင် ညှိနှိုင်း၍ မရနိုင်ခြင်းများရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား ■ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ချမှတ် ခံထားရသူများအား အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက အင်းစိန်အကျဉ်းထောင်မှ စတင်ပြန်လည် လွတ်ပေး
■မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံဒေသရှိ ပြသာဒ်ကြီးဘုရား အနောက်ဘက် မုခ်အဝင်နှင့် ငါးမျက်နှာဘုရား တံတိုင်းအဝင်မုခ် ပြိုကျပျက်စီး
■COVID-19 လူနာသစ် ၁၀၂၂ ဦး တွေ့ရှိပြီး ၂၉ ဦး ထပ်မံ သေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၈၃၈၈ ဦး ရှိလာ
■COVID-19 ကာကွယ်ဆေး စမ်းသပ်မှုတွင် ကောင်းမွန်သည့် ရလဒ်များရရှိခဲ့ဟု Valneva ဆေးကုမ္ပဏီ ထုတ်ပြန်
■COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသည့် ခရီးသွားများအတွက် ကွာရန်တင်းဝင်ရန် မလိုသည့် အစီအစဉ်တစ်ရပ်ကို စင်ကာပူ တိုးချဲ့ထုတ်ပြန်
■လက်စတာအသင်းအား ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်ကြောင်း ပေါ့ဘာ တိုက်တွန်း