COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသည့် ခရီးသွားများအတွက် ကွာရန်တင်းဝင်ရန် မလိုသည့် အစီအစဉ်တစ်ရပ်ကို စင်ကာပူ တိုးချဲ့ထုတ်ပြန်
စင်ကာပူနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် အတူယှဉ်တွဲနေထိုင်မှု အစီအစဉ်ကို လုပ်ဆောင်ရန်နှင့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်းများကို ဖြေလျှော့နေချိန်တွင် နိုင်ငံ ရှစ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး နှစ်လုံး အပြည့်ထိုးနှံပြီးသည့် ခရီးသွားများကို အောက်တိုဘာ ၁၉ ရက်မှစ၍ ကွာရန်တင်းဝင်ရန် မလိုဘဲ နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။