ဒုံးကျည် စမ်းသပ်မှုများကို ရပ်တန့်ရန် မြောက်ကိုရီးယားအား အမေရိကန် အထူးကိုယ်စားလှယ် တိုက်တွန်း
မြောက်ကိုရီးယားရဲ့ လတ်တလော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေဟာ စိုးရိမ်စရာကောင်းပြီး အခြေအနေ တင်းမာမှုတွေကို လျှော့ချဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်က အောက်တိုဘာ ၂၄ ရက်က ပြောကြားခဲ့ပြီး ဆွေးနွေးမှုတွေမှာ ပါဝင်လာဖို့လည်း မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ပါတယ်။