ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ် ကူးစက်မှု အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကို ထိန်းချုပ်နေသဖြင့် တရုတ်အာဏာပိုင်များက ပေကျင်း မာရသွန်ပြိုင်ပွဲကို ရွှေ့ဆိုင်း
တရုတ်အစိုးရဟာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမတိုင်မီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိတဲ့ အနေအထား ပြန်ရောက်စေဖို့ ကြိုးပမ်းနေတာကြောင့် ယခုသီတင်းပတ်ကုန်မှာ ကျင်းပဖို့ရှိတဲ့ ပေကျင်း မာရသွန်ပြေးပွဲကို နောက်ထပ်ညွှန်ကြားချက် မထုတ်မချင်း ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။