မြစ်ဆုံ-ဧရာဝတီဟာ ပြည်သူ့အတွက်ပဲဖြစ်ပါစေ၊ ပြည်သူ့အကျိုးကို ပဲပြုပါစေ။ (Feature - ရုပ်သံအစီအစဉ်)

မြစ်ဆုံ-ဧရာဝတီဟာ ပြည်သူ့အတွက်ပဲဖြစ်ပါစေ၊ ပြည်သူ့အကျိုးကို ပဲပြုပါစေ။ (Feature - ရုပ်သံအစီအစဉ်)
Published 29 January 2019

 

ကမ္ဘာပေါ်မှာ နိုင်ငံတစ်ခုတည်းကနေ မြစ်တစ်ခုကိုပိုင်ဆိုင်ရတာ အင်မတန် ရှားပါတယ်။ ဒါပေမဲ့ ဧရာဝတီမြစ်ကြီးကိုမြန်မာပြည်သူတွေ အပြည့်အဝ ပိုင်ဆိုင်ခွင့်ရှိခဲ့ကြပါတယ်။ လက်ရှိအချိန်အထိလည်း ပိုင်ဆိုင်နေပါသေးတယ်။
ဧရာဝတီမြစ်ကြီးရှင်သန်နိုင်ရေးဟာ အမျိုးသားရေးဖြစ်ပါတယ်။ လူတစ်ဦး တစ်ယောက်၊ ဒေသအပိုင်းအခြားတစ်ခု၊ လူမျိုးစုတစ်စု၊ ပါတီအဖွဲ့အစည်း တစ်ခု၊ ပညာရပ်ဆိုင်ရာနယ်ပယ်တစ်ခုရဲ့ သဘောထားအမြင်နဲ့ ဆုံးဖြတ် ဆောင်ရွက်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ပညာရပ်ပေါင်းစုံ နယ်ပယ်ပေါင်းစုံကနေ သုံးသပ်လေ့လာပြီးမှ ပြည်သူ့ဘဝ တရားမျှတရေးအတွက် ဆောင်ရွက် ရမယ့်ကိစ္စပါ။