အမေရိကန်က အမျိုးသား လုံခြုံရေး စိုးရိမ်မှု အကြောင်းပြချက်ဖြင့် China Telecom ကုမ္ပဏီကို တားမြစ်
အမေရိကန်နိုင်ငံက သိသာထင်ရှားတဲ့ အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ နိုင်ငံအတွင်းမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ China Telecom ကုမ္ပဏီကို အောက်တိုဘာ ၂၆ ရက်မှာ တားမြစ်ပိတ်ပင်ခဲ့ပြီး ပိတ်ပင်ချက်ဟာ အင်အားကြီးနှစ်နိုင်ငံကြား မူလရှိရင်းစွဲ ဆက်ဆံရေးတင်းမာမှု အခြေအနေရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။