ထန်တလန်မြို့တွင် အမြောက်ကျည်ဆန်များ ကျရောက်မှုကြောင့် ဒါဇင်နှင့်ချီသော နေအိမ်များပျက်စီ
အောက်တိုဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံအနောက်ပိုင်း ကန့်သတ်နယ်မြေရှိ ထန်တလန်မြို့ကို မြန်မာ့တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုအတွင်း ဒါဇင်နှင့်ချီသော နေအိမ်များပျက်စီးခဲ့ပြီး Save the Children ရန်ပုံငွေအဖွဲ့ရုံးလည်း ပျက်စီးခဲ့ကြောင်း မျက်မြင်သက်သေများနှင့် ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရကြောင်း AFP သတင်းဌာနက ရေးသားထားပါတယ်၊