အောက်တိုဘာလအတွင်း ဗဟိုဘဏ်က ဒေါ်လာ သန်း ၁၁၀ အထိ ရောင်းချခဲ့

အောက်တိုဘာလအတွင်း ဗဟိုဘဏ်က ဒေါ်လာ သန်း ၁၁၀ အထိ ရောင်းချခဲ့
Published 31 October 2021

အောက်တိုဘာတစ်လအတွင်း ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဒေါ်လာ သန်း ၁၁၀ အထိ စံချိန်တင်ရောင်းချခဲ့

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ အောက်တိုဘာအထိ ကိုးလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင် လေလံနဲ့ ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းအထိ ထုတ်ရောင်းခဲ့ပြီး အောက်တိုဘာတစ်လအတွင်း ဒေါ်လာသန်း ၁၁၀ အထိ စံချိန် တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။