Omni Focus ကုမ္ပဏီပိုင် YBS 20 ခရီးသည်တင်ယာဉ်တစ်စီး ကြည့်မြင်တိုင် ဆင်မလိုက် ကားမှတ်တိုင်အနီးတွင် မီးရှို့ခံရမှု ဖြစ်ပွား
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တောမြောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆင်မလိုက် ကားမှတ်တိုင်အနီးမှာ Omni Focus ကုမ္ပဏီပိုင် YBS 20 ခရီးသည်တင်ယာဉ်တစ်စီးကို အောက်တိုဘာ ၃၁ရက်နေ့ ဒီကနေ့ နံနက် ၁၀ ကျော်က ဓာတ်ဆီပုလင်းနဲ့ပစ်ပေါက်ပြီး မီးရှို့ခဲ့မှုဖြစ်ပွားခဲ့တယ်လို့ အနီးနေထိုင်သူတွေက ပြောပါတယ်။