အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းများတွင် ကျောင်းအပ်ထားသူများ အမှန်တကယ် ကျောင်းတက်ပါက ကျောင်း ဖွင့်ချိန်တွင် ကာကွယ်ဆေး ဆက်ထိုးပေးမည်
အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းတွေမှာ စာရင်းရှိ၊ ကျောင်းအပ်နှံ၊ အမှန်တကယ်တက်ရောက်ဆိုပြီး ကျောင်းသား၊ကျောင်းသူစာရင်းရှိရာ အမှန်တကယ်တက်ရောက်စာရင်းမှာပါတဲ့သူတွေကိုသာ လက်ရှိမှာ COVID-19 ကာကွယ် ဆေး ဦးစားပေးထိုးနှံပေးနေပြီး ကျန်စာရင်းမှာပါတဲ့သူတွေထဲက အမှန်တကယ် ကျောင်းတက်ရောက်လာပါက ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။