မိုးရွာသွန်းပြီး တောင်ကျရေများကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ တာချီလိတ်မြို့ပေါ်ရပ်ကွက်များ ရေလျှံမှုဖြစ်ပေါ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်မနက် ၄ နာရီခွဲခန့်က မိုးရွာသွန်းပြီး တောင်ကျရေများကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။