ရွှေ့ပြောင်းအလုပ်သမား ၂၀၅ ဦးအား ထိုင်းမှ မြန်မာသို့ လွှဲပြောင်းပေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိ

ရွှေ့ပြောင်းအလုပ်သမား ၂၀၅ ဦးအား ထိုင်းမှ မြန်မာသို့ လွှဲပြောင်းပေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိ
Published 2 November 2021

မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပါဝင်သည့် မြန်မာနိုင်ငံသား ၂၀၅ ဦးအား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ရာ ကိုးဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့ မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီ အချိန်ခန့်က ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂၀၅ ဦးကို လွှဲပြောင်းပေးခဲ့ရာ ၎င်းတို့ထဲမှ ၉ ဦးထံမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။