မိုးကုတ်မြို့နယ် အုန်းကိုင်းရွာသစ်ရပ်တွင် ကျောက်တောင်ပြိုကျကာ လူနေအိမ်ပေါ်ပိခဲ့တာကြောင့် ပိတ်မိနေသည့် အမျိုးသားတစ်ဦးအားကယ်ဆယ်ရေး ဆောင်ရွက်နေ
နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ မိုးကုတ်မြို့အရှေ့ပိုင်း ရွှေဂူရပ်ကွက် အုန်းကိုင်းရွာသစ်ရပ်မှာ ကျောက်တောင်ပြိုကျပြီး လူနေအိမ်ပေါ်ပိခဲ့တာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ပိတ်မိနေရာမှ အမျိုးသမီး ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ အမျိူးသား တစ်ဦးကို ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ မိုးကုတ်မြို့နယ် ကြက် ခြေနီတပ်ဖွဲ့ထံသိရပါတယ်။