သမ္မတ၊အတိုင်ပင်ခံ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ ၅၀၅(ခ)အမှုကိုလာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးမည်
ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅(ခ) ဖြင့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အား တရားစွဲဆိုထားသည့် အမှုအတွက် သက်သေအဖြစ် ဒေါက်တာမျိုးအောင် ကိုယ်တိုင်ထွက်ဆိုခဲ့ပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက် ပေးရမှာဖြစ်တယ်လို့ တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရပါတယ်။