အိမ်၊ခြံ၊မြေစသည့် အခြေပစ္စည်းများအတွက် ငွေသားပေးချေမှုကိုသိန်း ၂၀၀ ထက်မပိုရန်ဗဟိုဘဏ်ထုတ်ပြန်

အိမ်၊ခြံ၊မြေစသည့် အခြေပစ္စည်းများအတွက် ငွေသားပေးချေမှုကိုသိန်း ၂၀၀ ထက်မပိုရန်ဗဟိုဘဏ်ထုတ်ပြန်
Published 3 November 2021

အိမ်၊ခြံ၊မြေစတဲ့အခြေပစ္စည်းနဲ့ ကုန်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်း၊လွှဲပြောင်းခြင်းတွေအတွက် ငွေပေးချေမှုနဲ့ တခြားငွေပေးချေမှုတွေ ပြုလုပ်ရာမှာ တစ်ကြိမ်လျှင် ငွေသားနဲ့ ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်မပိုစေရဘူးလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၃ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။