နိုဝင်ဘာ ၅ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ မြောက်ဥက္ကလာပတွင် အထက်တန်းပြကျောင်းဆရာမတစ်ဦး တက္ကစီပေါ်စီးနင်းလိုက်ပါလာစဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံး
■ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ KBZ ATM ဖောက်ခွဲခံရပြီး ပြည်လမ်းရှိ KBZ ဘဏ်ရုံးချုပ်နှင့် မာလာမှတ်တိုင်ကြားတွင် ပေါက်ကွဲမှုဖြစ်
■ မြန်မာ၏ စီးပွားရေးသည် ၂၀၂၁ တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံးထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက် တစ်ခုအဖြစ် ကျန်ရှိနေသေးဟု ဆို
■ အိန္ဒိယ၏ ပထမဆုံးပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်အတွက် WHO က အတည်ပြု ထောက်ခံချက်ပေး
■ အီသီယိုးပီးယားနိုင်ငံ တီဂရေးဒေသတွင် လူမျိုးတုံးသတ်မှု အဆုံးသတ်ရေးအတွက် ဝါရှင်တန်တွင် လူထောင်ချီဆန္ဒပြ
■ လတ်ဗီးယားတွင် ကိုဗစ်ကူးစက်မှုမြင့်တက်သဖြင့် အရေးပေါ်အခြေအနေ ကြေညာ
■ မန်စီးတီးနှင့်ပွဲကို ယူနိုက်တက်နောက်ခံလူ ဗာရန်း လွဲချော်မည်ဖြစ်ပြီး (၁) လခန့် ထပ်နားရမည်
ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။