တရုတ်တွင် COVID -19 သတင်းထုတ်ပြန်မှုဖြင့် ထောင်ချခံရသည့် ဂျာနယ်လစ်တစ်ဦး သေဆုံးလုနီးပါး ဖြစ်

တရုတ်တွင် COVID -19 သတင်းထုတ်ပြန်မှုဖြင့် ထောင်ချခံရသည့် ဂျာနယ်လစ်တစ်ဦး သေဆုံးလုနီးပါး ဖြစ်
Published 6 November 2021

တရုတ်တွင် COVID -19 အကြောင်းကို သတင်းထုတ်ပြန်မှုဖြင့် ထောင်ဒဏ်ချခံရသည့် ဂျာနယ်လစ်တစ်ဦး သေဆုံးလုနီး အခြေအနေသို့ ရောက်ရှိလာ

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကပ်ရောဂါကို ကနဦးအဆင့် တုံ့ပြန်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့တာကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ အရပ်သားဂျာနယ်လစ်တစ်ဦး အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက် သေဆုံးလုနီးအခြေအနေကို ရောက်ရှိနေတယ်လို့ သူ့ရဲ့မိသားစုက ပြောကြားခဲ့ပြီး ၎င်းကို ချက်ချင်းလွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေ အသစ်တစ်ဖန် ပြန်လည်ပေါ်ပေါက်လာစေခဲ့ပါတယ်။