ဦးဖြိုးမင်းသိန်း၏ ဇနီး နေမကောင်းခြင်းကြောင့် အတိုင်ပင်ခံကို အဂတိဖြင့် စွဲဆိုထားသည့်အမှုကို လာရောက်သက်သေမထွက်ဆို
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့အမှုတွေကို နိုဝင်ဘာ ၅ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းမှာရှိတဲ့ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်ဟာ နေမကောင်းတာကြောင့် သက်သေအဖြစ် လာရောက် ထွက်ဆိုခဲ့ခြင်းမရှိဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။