ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ပြီး အဆိုဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုကို ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် မှာ NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့သလို လွှတ်တော်မှာ ဆွေးနွေးဖို့ သင့်၊မသင့် မဲခွဲဆုံးဖြတ်ရာလည်း ဆန္ဒမဲ မပေးခဲ့ပေမယ့် ထောက်ခံဆန္ဒမဲများတဲ့အတွက် အဆိုကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။