ဟိုပင်မြို့တွင် လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ငါးဦးသေဆုံး ၊ ရှစ်ဦးဒဏ်ရာရ

ဟိုပင်မြို့တွင် လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ငါးဦးသေဆုံး ၊ ရှစ်ဦးဒဏ်ရာရ
Published 7 November 2021

ဟိုပင်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သံဃာတစ်ပါးအပါအဝင် ငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာရှိတဲ့ ထူးထိုက်စံလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေသူတွေ ကို သေနတ်သမားတစ်စုက နိုဝင်ဘာ ၇ ရက်နေ့ ဒီကနေ့နံနက်ပိုင်းက ကားနဲ့လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။