တရုတ်နိုင်ငံ ရွှေလီမြို့ကို Lockdown ချလိုက်၍ ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့် မြန်မာနိုင်ငံသို့ ပြည်တော်ပြန်ရန် စာရင်းပေးသွင်းထားသူများ အခက်ကြုံတွေ့နေ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၈ ရက် ဒေသစံတော်ချိန် ညသန်းခေါင်ယံ အချိန်မှစတင်ကာ တစ်မြို့လုံးကို Lockdown ချခဲ့တာကြောင့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေနဲ့ ပြည်တော်ပြန်ဖို့ စာရင်းပေးသွင်းထားသူတွေဟာ နေရပ်ပြန်ဖို့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။