ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး ဇဟားချောင်းရဲကင်း တိုက်ခိုက်ခံရပြီး အမြန်လမ်းရဲတပ်ဖွဲ့ဝင်ငါးဦး သေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၀ မိုင် ၆ ဖာလုံအနီးရှိ ဇဟားချောင်းရဲကင်းကို နိုဝင်ဘာ ၉ ရက် မနက် ၅ နာရီခွဲဝန်းကျင်အချိန်ခန့်က တိုက်ခိုက်ခံရပြီး အမြန်လမ်းရဲတပ်ဖွဲ့ဝင် ၅ ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျှက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။