ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့်အမှုများအတွက် သီးခြား သက်သေ မတင်ဘဲ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သက်သေအဖြစ် အစစ်ခံမည်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)တို့ဖြင့် တရားစွဲဆိုထားတဲ့ အမှုများအတွက် သီးခြားသက်သေ မတင်ဘဲ အတိုင်ပင်ခံကိုယ်တိုင် သက်သေအဖြစ် အစစ်ခံမှာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲံ အသိုင်းအဝိုင်းမှ သိရပါတယ်။