လေထုညစ်ညမ်းနေမှုကြောင့် ဒေလီမြို့နေပြည်သူများနေအိမ်မှ အလုပ်လုပ်ကြရန် ညွှန်ကြား
လေထုညစ်ညမ်းနေမှုလျှော့ချဖို့ မြို့တော်နယူးဒေလီနဲ့ နီးစပ်ရာမြို့တွေမှာ ရုံးတွေပိတ်ထားဖို့ အိန္ဒိယတရားရုံးချုပ်က နိုဝင်ဘာ ၁၅ ရက်မှာ အမိန့်ထုတ်လိုက်တဲ့အတွက် သန်းပေါင်းများစွာသောပြည်သူတွေ နေအိမ်ကနေသာ အလုပ်လုပ်ကြရတော့မှာ ဖြစ်ပါတယ်။