တိုက်ပွဲဖြစ်ပွားမှုရပ်စဲနေသဖြင့် သီပေါမြို့အောင်မင်္ဂလာဘိုးတော်ကျောင်းရှိ စစ်ဘေးရှောင် ၄၀၀ ကျော် နေရပ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း RCSS အဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေရပ်စဲနေတာကြောင့် သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းမှာ စစ်ဘေးရှောင်နေသူ ၄၀၉ ဦးမှာ နေရပ်ပြန်သွားကြပြီလို့ သိရပါတယ်။