နယူးဇီလန်အစိုးရက ဒီဇင်ဘာလတွင် အောက်ကလန်း ပြည်တွင်းနယ်စပ် ကန့်သတ်ချက် စည်းမျဉ်းများကို ဖြေလျှော့ပေးမည်
နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အောက်ကလန်းတွင် ပြည်တွင်း နယ်စပ်များကို COVID-19 ကာကွယ်ဆေး နှစ်လုံးအပြည့် ထိုးနှံပြီးသူများနှင့် COVID-19 ကူးစက်ခံရခြင်း မရှိကြောင်း စစ်ဆေးမှုရလဒ် ပြနိုင်သူများအတွက် ဒီဇင်ဘာ ၁၅ ရက်မှစ၍ ပြန်လည် ဖွင့်လှစ်သွားမည်ဟု ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။