အမေရိကန်လွှတ်တော်အဆောက်အအုံဝင်စီးခဲ့မှုတွင် ပါဝင်သူတစ်ဦးကို ထောင်ဒဏ် ၄၁ လ ချမှတ်
ဇန်နဝါရီလ ၆ ရက်နေ့က သမ္မတဟောင်းဒေါ်နယ်ထရန့်ကို ထောက်ခံအားပေးသူတွေ အမေရိကန်လွှတ်တော်အ ဆောက်အအုံထဲ ဝင်စီးခဲ့တဲ့ဖြစ်စဉ်မှာ ဦးချိုပုံစံခေါင်းခြုံဝတ်ဆင်လာခဲ့လို့ ထင်ထင်ရှားရှားဖြစ်နေခဲ့တဲ့ ဂျက်ကော့ ချန်စလေ ဆိုသူ ကို အမေရိကန်ခရိုင်တရားရုံးတစ်ရုံးက နိုဝင်ဘာ ၁၇ ရက်မှာ ထောင်ဒဏ် ၄၁ လ ချမှတ်လိုက်ပါတယ်။